Feature news

iPhone 6 မျက်နှာပြင်ကျယ်ဖြင့် ထွက်ရှိမည်

iPhone 6 မျက်နှာပြင်ကျယ်ဖြင့် ထွက်ရှိမည်


iPhone 5S နဲ့ 5C တောင်ထွက်တာ မကြာသေးဘူး။ iPhone 6 နဲ့ ပက်သက် တဲ့ သတင်းတွေက ထွက်ရှိလာ လာပြန်ပါပြီ။ Apple က ယခုရက်ပိုင်း အတွင်းတင်ပဲ ၎င်းတို့ရဲ့  အသစ်ထုတ်လုပ်မယ့် ဖုန်း အတွက် မူပိုင်ခွင့် တင်လိုက်တဲ့ သတင်းကြောင့် iPhone 6 ဘယ်လိုဖြစ်လာ မယ်ဆိုတာ ပညာရှင်များက ခန့်မှန်းခြင်း ဖြစ်ပါတယ်။

အဓိက ကတော့ မျက်နှာပြင် ပိုကျယ်လာခြင်း ဖြစ်ပါတယ်။ အနည်းဆုံး ၄.၈ လက်မ ကနေ ၆ လက်မ ကြားအထိ ကျယ်လာနိုင်ပြီး Retina+IGZO အမျိုးအစား အရည်အသွေးကောင်း မျက်နှာပြင်ကို အသုံးပြုပြီး ကမ္ဘာ့ အကြည်လင်အပြတ်သားဆုံး စမတ်ဖုန်း မျက်နှာပြင်အဖြစ် စံချိန်တင်အုံးမှာ လို့ ဆိုပါတယ်။ Chip အမျိုးအစားက A7 ထက်တစ်ဆင့်မြင့် တဲ့ A7X 64 Bit architechture, ကင်မရာက 13 Megapixel (1.5u pixels f/2.2 aperture တို့ပါဝင်ပြီး မထုတ်ရသေးတဲ့ iOS ဗားရှင်း အသစ်နဲ့ မြင်တွေ့ ရမယ်လို့ ဆိုပါတယ်။

Samsung နဲ့ LG တို့က ကွေးကောက်မျက်နှာပြင် ထုတ်လုပ်မှုနဲ့အတူ Apple ကလည်း လိုက်လံ စမ်းသပ် နေပေမယ့် iPhone 6 မှာ လက်တွေ့ အသုံးချ ရန် ရှိမရှိ ကတော့ ဘယ်သူမှ မပြောနိုင် သေးပါဘူး။ သေချာ တာကတော့ မျက်နှာပြင်ကြီးကြီးနဲ့ ထုတ်မှာမို့ Display အကျယ်များနဲ့ တကယ် လက်တွေ့ စမ်းသပ်လျက် ရှိပါတယ်။

iPhone 6 အနေနဲ့ ဘယ်လိုဖြစ်လာမယ်ဆိုတာကို အောက်ပါ ဗီဒီယိုက ခန့်မှန်းချက်မှာ လေ့လာ နိုင်ပါတယ် ။

http://youtu.be/36d-U8AfxAk

အောင်ခမ်း ( TSJ Team )
Learn more »

Internet မှာငွေရှာကြမယ်

အင်တာနက်မှာ ပိုက်ဆံရှာကြည့်...

Website မှာ Sign up လုပ်ရုံနဲ့ 4$ ရမည့်အခွင့်အရေး

(၁) အောက်ကကျွန်တော်ပေးထားတဲ့လင့်ကိုနှိပ်ပါ။
(၂) Register လုပ်ပါ။
(၃) Login ၀င်ပါ၊
(၄) သင့်အတွက် code no ပါသော link ကို Website ကထုတ်ပေးပါလိမ့်မည်။
(၅) ၄င်းကို သင့်ဖေ့ဘွတ် နှင့် အခြားသော ဖိုရမ်၊ ဘလော့များတွင်share ပါ။
(၆) သင်ရှယ်သောလင့်မှ လူဝင်များလေ သင့်ဝင်ငွေတိုးလေဖြစ်သည်။
(၇) 40$ ပြည့်လျှင် ငွေထုတ်ယူနိုင်သည်။
(၈) ငွေထုတ်ယူရန် www.shwemoney.com တွင်လေ့လာကြည့်ပါ။

http://VisitsToMoney.com/index.php?refId=252747
Learn more »

Virus အမျိုးမျိုးသတ်နည်းစာအုပ် (မြန်မာ Ebook)



ဒီစာအုပ်လေးကိုတော့ ကျွန်တော့်ရဲ့ချစ်ကိုကြီး ကိုအေးလွင် (ဘူးရေမျက်ရွာ) ထံမှ ပြန်လည်မျှဝေပေးတဲ့စာ အုပ်လေးဖြစ်ပါတယ်ဗျာ။ အတော်လေးကောင်းပြီး ကွန်ပြူတာအသုံးပြုတဲ့ User တိုင်းလေ့လာသင့်တဲ့စာ အုပ်လေးတစ်အုပ်ဖြစ်လို့တင်ပေးလိုက်တာပါဗျာ။ ဒီစာအုပ်လေးထဲမှာတော့ အ၀င်များတဲ့ နာမည်ကြီး Virus တွေအပြင် အခြားသော Virus တွေကို ဘယ်လိုသတ်ရမလည်းဆိုတာကိုအသေးစိတ်ရှင်းပြထားတာပါ။ ဖိုင်ဆိုဒ်ကလည်းသေးတဲ့အတွက် အလွယ်တကူဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။

DOWNLOAD

credit - ကိုအေးလွင်
Learn more »

မြန်မာပြည်မှာ ရောင်းတော့မယ့် Galaxy Note 3



မြန်မာပြည်မှာ ရောင်းတော့မယ့် Galaxy Note 3က လူစိတ်ဝင်စားမှု နံပါတ်တစ် ဖြစ်လာ

မကြာသေးမီက တောင်ကိုရီးယား အခြေစိုက် Samsungကုမ္ပဏီမှ ထုတ်လုပ်လိုက်တဲ့ မျက်နှာပြင် ၅.၇လက်မအရွယ် Galaxy Note 3ဟာ GSM Arena၀က်ဘ်ဆိုဒ်ရဲ့ နေ့စဉ် လူဝင်ရောက်ကြည့်ရှုမှု စာရင်းမှာ Appleရဲ့ iPhone 5Sကို ဖြတ်ကျော်ပြီး နံပါတ်တစ် နေရာကို ရောက်လာခဲ့ပါတယ်။ အဆိုပါ Galaxy Note 3အကြောင်း ကိုလည်း မြန်မာအိုင်စီတီမှ ပြည့်ပြည့်စုံစုံ ရေးသားတင်ဆက်ထားတဲ့ ဆောင်းပါးကို ဒီနေရာhttp://ict.com.mm/reviews/mobile-phones/samsungs-galaxy-note-iii-review/ မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဈေးနှုန်းအရတော့ iPhone 5Sနဲ့ Galaxy Note 3ဟာ များစွာ ကွာခြားမှု မရှိပေမယ့် ပိုမိုကြီးမားတဲ့ မျက်နှာပြင်၊ 3GB RAMနဲ့ S-Pen Feature, NFCစတာ တွေဟာ ပရိသတ်တွေကို ဆွဲဆောင်သွားတာ ဖြစ်တယ်လို့ ခန့်မှန်း မိပါတယ်။ မြန်မာပြည်ဈေးကွက်မှာတော့ မကြာခင် အဆိုပါ Galaxy Note 3သာမက ဆမ်ဆောင်းရဲ့ စမတ်နာရီ Galaxy Gearကိုပါ Samsung Showroomတွေမှာ ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ Note 3မှာ မြန်မာစာ စနစ် အသင့်အသုံးပြု နိုင်အောင် စီစဉ်ပေးထားပြီး ဈေးနှုန်း ၇၁၅၀၀၀ကျပ်နဲ့ ရောင်းချပေးသွားမှာပါ။

View Coverပါ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Galaxy Gearစမတ်နာရီကတော့ ၂၅၈၀၀၀ကျပ်နဲ့ တစ်နိုင်ငံလုံးက Samsung Showroomတွေမှာ ရောင်းပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Galaxy Gearကော Galaxy Note 3ကော နှစ်ခုပေါင်း ယူရင်တော့ ၉၅၅၀၀၀ကျပ်နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ကာ အဆိုပါ ဈေးနှုန်းတွေက စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉ ပရိုမိုးရှင်း ကာလ သုံးရက်တည်းအတွက်သာ ဖြစ်တယ်လို့ Samsungမှ ကြေညာထားပါတယ်။ စက်တင်ဘာ ၂၅ရက်နေ့ Junciton Squareမှာ ကျင်းပမယ့် Samsungရဲ့ မိတ်ဆက်ပြသတဲ့ ပွဲမှာလည်း Galaxy Note 3, Galaxy Gearတို့ကို စမ်းသပ်ကြည့်ရှု သုံးစွဲနိုင်ပြီး ၀ယ်ယူလိုပါက တစ်ခါတည်း စာရင်းပေးထား နိုင်ကြောင်း သိရပါတယ်။

Galaxy Note 3ပြီးတော့ ဒုတိယနေရာမှာ ရှိနေတာကတော့ iPhone 5Sဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S4, SIM Cardနှစ်ခု သုံးလို့ရတဲ့ Galaxy S Duos, ရေစိုခံ မျက်နှာပြင်ကျယ် စမတ်ဖုန်း Sony Xperia Z1နဲ့ Galaxy Coreစမတ်ဖုန်းတွေက နံပါတ် သုံး၊ လေး၊ ငါး၊ ခြောက် နေရာတွေမှာ အသီးသီး ရပ်တည်နေပြီး အဖြူ၊ အနက်၊ အဝါ၊ အနီ ကာလာ ၄မျိုးနဲ့ Windowsဖုန်း တစ်လုံး ဖြစ်တဲ့ Nokia 520ကလည်း လူစိတ်ဝင်စားမှု နံပါတ် ၇နေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာ ထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီ ဖြစ်တဲ့ iPhone 5ကတော့ ၀င်ရောက် ကြည့်ရှုတဲ့ လူတွေ ရှိနေဆဲ ဖြစ်ကာ လူစိတ်ဝင်စားမှု နံပါတ် ရှစ်နေရာမှာ ရပ်တည်နေပါတယ်။

Credit : Myanmar ICT
Learn more »

IPhone 5S လက်ဗွေစနစ် ဟက်ကာတို့ ဖောက်နိုင်ပြီ


ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေဆိုက် Chaos Computer Club (CCC) လို့အမည်ရတဲ့ ဟက်ကာအဖွဲ့ဟာ iPhone 5S နဲ့ Touch ID fingerprint Scanner ကို အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဖောက်တယ်ဆိုလို့ ဝက်အူရစ်၊မူလီတို့နဲ့ ဖောက်တာ ကို ပြောတာမဟုတ် ပါဘူး။ လက်ဗွေ အတုနဲ့ ဖုန်း လုံခြုံရေး စနစ်ကို ကျော်ဖြတ်တာ ဖြစ်ပါတယ်။ သူတို့ ရှင်းပြထားချက်က ဒီလိုပါ။ iPhone 5S မှာ ထူးခြားသွားတဲ့ လုံခြုံရေး စနစ်က အရည်အသွေးပိုကောင်းတဲ့ High resoulution ဓာတ်ပုံ ကိုရိုက်ကူး သိမ်းဆည်းထားခြင်းသာ ဖြစ်ပြီး ယင်းကဲ့သို့ အလားတူ ဓာတ်ပုံကို ဖန်တီးနိုင်ရင် အလွယ်တကူ ဖောက်ဝင်နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့  လက်ဗွေ မူရင်းကို ၂၄၀၀ dpi အရည်အသွေး ရရှိဖို့လိုအပ်တယ်။ ပြီးရင် ယင်းလက်ဗွေကို Laser printer နဲ့ 1200 dpi အထိ အနိမ့်ဆုံးအရည် အသွေးနဲ့ ပြန်လည်ထုတ်လိုက်နိုင်ရင် iPhone 5S ပေါ်မှာ အသုံးပြုလို့ ရသွားပါပြီ။ လေဆာနဲ့ Print လုပ်ထား တဲ့ ယင်း လက်ဗွေ အခွံကို လက်ထိပ်မှာကပ်ပြီး ဖိဖွင့်လိုက်ရုံပဲ ဖြစ်ပါတယယ်။ ပိုပြီး ရှင်းလင်း သွားအောင် အောက်ပါ ဗီဒီယိုကို လေ့လာကြည့်ရှု နိုင်ပါတယ်။ 

http://youtu.be/HM8b8d8kSNQ 

ဒီအတွက် ဆုချဖို့ ကြေညာထားတဲ့ ဟက်ကာအဖွဲ့အစည်းများ ကို ပြန်လည် စစ်ဆေးမှု ပြုလုပ်နေပါပြီ။ တကယ်မှန်တယ်ဆိုရင် ဆုကြေးငွေ အတော်လေးရမယ့် ဖောက်ထွင်းမှုကြီးပါ။ Apple ရဲ့  iPhone 5S ကို ဖြန့်ဖြူး ရောင်းချတဲ့ ရက်ပိုင်းအတွင်းမှာပဲ Hack လုပ်နိုင်ကြောင်း Claim လုပ်ကြတဲ့ အဖွဲ့အစည်းနဲ့ Individual တွေ များနေပါပြီ။ Apple က ဘယ်လိုတုန့်ပြန်ပြောဆိုမယ် ဆိုတာကိုလည်း စောင့်ဆိုင်းနားစွင့်လျက် ရှိကြကြောင်း သိရပါတယ်။ 

Ref:mashable 
credit to:အောင်ခမ်း (TSJ Team)
Learn more »

ဝိုင်တစ်ခွက်နဲ့ Intel Processor ကို အားသွင်းနိုင်


ဝိုက်တစ်ခွက်နဲ့ Intel Processor အားသွင်းနိုင်တယ်ဆိုတာ တကယ်ပါ။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို မှာ ပြုလုပ်တဲ့ Intel Developer Fourm မှာ မိတ်ဆက်ပြသ သွားတဲ့ Intel ရဲ့  Processor အသစ် တစ်ခု ဖြစ် ပါတယ်။ 

အီလက်ထရုတ် ၂ ချောင်းကို ဝိုင်ခွက်ထဲ ထည့်ပြီး Processor ကို တိုက်ရိုက်အားသွင်းပြခဲ့ပါတယ်။ Low Powered processor ဖြစ်ပြီး စပျစ်ဝိုင်တစ်ခွက်နဲ့တင် အားဖြည့်လို့ရတယ်ဆိုတာကို သက်သေ ပြ ခဲ့ခြင်း ဖြစ်ပါတယ်။ အရင်က အာလူး တစ်လုံးနဲ့တင် ဖုန်းအားသွင်းလို့ ရတယ်ဆိုတာကို သက်သေပြ သလိုမျိုးပါပဲ။ ယခု စပျစ်နဲ့ အားသွင်းတဲ့ Processor ဟာ အားအစား သက်သာသလို စွမ်းဆောင်ရည်ပါ ပိုမြင့်တယ်လို့ ဆိုပါတယ်။

အလားတူပဲ Chip အသစ်များ မိတ်ဆက်ပြသခဲ့ပြီး CPU, GPU ပိုမြန်တဲ့ အပိုင်းတွေကို ပြသသွားခဲ့ ပါတယ်။ နောက်ဆိုရင် အရေအပြား အပူချိန်ကို အာရုံခံရုံနဲ့ အားသွင်းနိုင်မယ့် Processor နဲ့ Chip များကို ထုတ်လုပ်သွားဖို့ရှိတယ်လို့တောင် ကြေညာသွားခဲ့ ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

Learn more »

Samsung Galaxy Gear နာရီ ကိုမြန်မာပြည်တွင်စက်တင်ဘာ ၂၇ စရောင်းမည်



Learn more »